ပါရမီရှင် ကလေးသူငယ်များအတွက် ပါရမီဘုန်းတော်ကြီးကျောင်းမှ ဓမ္မသင်တန်းများနှင့် မြန်မာစာပေသင်တန်းများ ကို ဓမ္မဒါန ကုသိုလ်ဖြစ် ပို့ချပေးနေပါသည်။ စိတ်ဝင်စားသူ၊ အချိန်ပေးနိုင်သူတိုင်း လာရောက် ဆွေးနွေးနိုင်ပါသည်။
သင်တန်းများ | သင်တန်းအချိန် |
---|---|
ဗုဒ္ဓဘာသာယဉ်ကျေးမှု အခြေခံ ဒုတိယအဆင့် သင်တန်း | တနင်္ဂနွေနေ့တိုင်း ညနေ ၂ နာရီမှ ၃ နာရီ အထိ |
မန်မာစာသင်တန်း | တနင်္ဂနွေနေ့တိုင်း ညနေ ၃ နာရီ ၁၅ မိနစ်မှ ၄ နာရီ ၁၅ မိနစ်အထိ |
ဗုဒ္ဓဘာသာယဉ်ကျေးမှု အခြေခံ တတိယအဆင့် သင်တန်း | တနင်္ဂနွေနေ့တိုင်း ညနေ ၄ နာရီ ၃၀ မိနစ်မှ ၅ နာရီ ၃၀ မိနစ်အထိ |
ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း (ဆယ်ကျော်သက်များ) | စနေနေ့တိုင်း |
ဗုဒ္ဓဘာသာယဉ်ကျေးမှု အခြေခံ ပထမအဆင့် သင်ရိုး
၁။ သြကာသ ကန်တော့ခန်းကို ရှေးမူမပျက် စနစ်တကျ လေ့လာသင်ယူခြင်း
၂။ ရတနာသုံးပါးရှိခိုးပူဇော်၊ ဝတ်ပြုပုံကို စနစ်တကျ လေ့လာခြင်း
၃။ သရဏဂုံသုံးပါး၊ ငါးပါးသီလ ခံယူဆောက်တည်ပုံ
၎။ ရတနာမြတ်သုံးပါး ဂုဏ်တော်ကျေးဇူးတော်တို့ကို ပွားများပုံ
၅။ ဗုဒ္ဓတရားတော်နှင့်အညီ မိသားစုဘဝ တန်ဖိုးများကို ကျင့်သုံးနေထိုင်ခြင်း
၆။ ၃၈ဖြာ မင်္ဂလာ မိတ်ဆက်
၇။ ဗုဒ္ဓ၏ဘ၀ဇာတ်ကြောင်း ဗုဒ္ဓ၀င် (ပထမပိုင်း)
ဗုဒ္ဓဘာသာယဉ်ကျေးမှု အခြေခံ ဒုတိယအဆင့် သင်ရိုး
၁။ ရှစ်ပါးသီလ ဆောက်တည်ပုံ
၂။ သုံးဆယ့် ရှစ်ဖြာမင်္ဂလာ တရားတော် (မင်္ဂလသုတ် အသေးစိပ် ပို့ ချချက်)
၃။ အနန္တော အနန္တငါးပါးကျေးဇူးတရားကို ခံစားနားလည်ခြင်း
၎။ မိဘ၀တ္တရား
၅။ သားသမီးဝတ္တရား
၆။ ငါးရာ့ငါးဆယ်ဇာတ်တော် ကောက်နှုတ်ချက် (ပထမပိုင်း)
၇။ ဘုရားလောင်း ပါရမီဖြည့်ကျင့်တော်မူပုံ (အကျဉ်း)
၈။ ဗုဒ္ဓ၏ဘ၀ဇာတ်ကြောင်း ဗုဒ္ဓ၀င် (ဒုတိယပိုင်း)
ဗုဒ္ဓဘာသာယဉ်ကျေးမှု အခြေခံ တတိယအဆင့် သင်ရိုး
၁။ ပါရမီ ဆယ်ပါး ရှင်းလင်း ပို့ ချချက်
၂။ ကုသိုလ်၊ အကုသိုလ် အကြောင်း လေ့လာသင်ယူခြင်း
၃။ လူမှုရေး၊ ဘာသာရေးဆိုင်ရာ တန်ဘိုးများ (ပရာဘ၀ သုတ္တန်)
၎။ မိသားစုနှင့် လူမှု စီးပွားဆိုင်ရာ ပေါင်းသင်းဆက်ဆံ နေထိုင်ရေးများ (သိင်္ဂါလောဝါဒ သုတ်)
၅။ ဗုဒ္ဓ၏ ဘ၀ဇာတ်ကြောင်း ဗုဒ္ဓ၀င် (တတိယပိုင်း)