ဓမ္မမှတ်စုများ

နောင်တဆယ်ပါး တရားကဗျာ

၁။ ငယ်ခါကလျှင် မသင်ပညာ
၂။ ဥစ္စာ မစု
၃။ သူ့ ကို ချစ်ဖျက်
၎။ သူ့ သက် သတ်စား
၅။ သူ့ မယား၌ ပြစ်မှားတုံဘိ
၆။ ပစ္စည်းရှိလျှက် စိုးစိမလှူ
၇။ မွေးမြူမိဘ မပြုရနှင့်
၈။ ဆုံးမ မနာ
၉။ ပညာရှိထံ နည်းခံမမှတ်
၁၀။ အမြတ်မကျင့်
ဤဆယ်ဆင့်ကား
ကြီးရင့်ဇရာ အိုသောခါလျှင်
ပူဆာနောင်တ ရတတ်စွ။ ။
(မာန်လည် ဆရာတော် ဘုရားကြီး၏ မဃဒေ၀ လင်္ကာ-၃၂၁)

 

၁။ ငယ်ရွယ်စဉ်မှာ ပညာတတ်အောင် မသင်ယူခဲ့ရင် နောင်တပူပန် (စိတ်မော လူမော ဘ၀မော)ဖြစ်ရလိမ့်မယ်။
(ငယ်ရွယ် နုပျိုစဉ်ကတည်းက ပညာတတ်အောင် သင်ယူထားရင် ဘ၀မှာအဆင်ချော ဘ၀အမော ပြေလိမ့်မယ်)
၂။ စီပွားဥစ္စာ အဆင်ပြေစဉ်က မခြွေတာ၊ မစုဆောင်းမိခဲ့ရင် နောင်တပူပန် (စိတ်မော လူမော
ဘ၀မော)ဖြစ်ရလိမ့်မယ်။
(စီးပွားဥစ္စာကို စနစ်တကျ စုဆောင်း၊သုံးစွဲတတ်ရင် ဘ၀မှာအဆင်ချော ဘ၀အမော ပြေလိမ့်မယ်)
၃။ မေတ္တာ(စည်းလုံးညီညွတ်ရေး)တရားကို နှောက်ယှက် ဖျက်ဆီးမိခဲ့ရင် နောင်တပူပန် (စိတ်မော လူမော ဘ၀မော)
ဖြစ်ရလိမ့်မယ်။
(မေတ္တာတရား ပွားများနေရင်း စည်းလုံးညီညွတ်ရေးကို တည်ဆောက်ရင် ဘ၀မှာ အဆင်ချော ဘ၀အမော
ပြေလိမ့်မယ်)
၎။ သတ်ဖြတ် မိုက်မဲတဲ့  အလုပ်ကို လုပ်မိခဲ့ရင် နောင်တပူပန် (စိတ်မော လူမော ဘ၀မော) ဖြစ်ရ လိမ့်မယ်။
(အသက်သတ်ခြင်းစတဲ့ မိုက်မဲတဲ့ အလုပ်ကို ရှောင်ကြဉ်ရင်း သနားခြင်း ကရုဏာထားတတ်ရင် ဘ၀မှာ အဆင်ချော
ဘ၀အမော ပြေလိမ့်မယ်)
၅။ အိမ်ထောင်ရေး လူမှုရေး ဖောက်ပြန်ရင် နောင်တပူပန် (စိတ်မော လူမော ဘ၀မော) ဖြစ်ရလိမ့် မယ်။
( အိမ်ထောင်ရေး၊ လူမှုရေး သစ္စာရှိ၊ ကတိတည်ရင် ဘ၀မှာ အဆင်ချော ဘ၀အမော ပြေလိမ့်မယ်)
၆။ ပစ္စည်းဥစ္စာ ချမ်းသာစဉ်က အလှူဒါန မလုပ်ခဲ့ မိရင် နောင်တပူပန် (စိတ်မော လူမော ဘ၀မော) ဖြစ်ရလိမ့်မယ်။
(ပစ္စည်းဥစ္စာကို မယစ်မူးဘဲ ဆင်းရဲ ချမ်းသာမရွေး အလှူပေးရင် ဘ၀မှာ အဆင်ချော ဘ၀အမော ပြေလိမ့်မယ်)
၇။ မိဘများကို မကျွေးမွေး၊ မပေးကမ်း၊ ကျေးဇူးမဆပ်ရင် နောင်တပူပန် (စိတ်မော လူမော ဘ၀မော) ဖြစ်ရလိမ့်မယ်။
(မိဘကျေးဇူး အထူးသိတတ်၊ ပြန်ပေးဆပ်ရင် ဘ၀မှာ အဆင်ချော ဘ၀အမော ပြေလိမ့်မယ်)
၈။ သူတော်ကောင်း၊ သူမြတ်လောင်းတွေ ရဲ့  အဆုးံအမကို မလိုက်နာရင် နောင်တပူပန် (စိတ်မော လူမော ဘ၀မော)
ဖြစ်ရလိမ့်မယ်။
(သူတော်ကောင်းတရားကို လေးစားလိုက်နာရင် ဘ၀မှာ အဆင်ချော ဘ၀အမော ပြေလိမ့်မယ်)
၉။ ပညာရှိများထံမှ နည်းပညာကို အမိအရ မယူခဲ့ မိရင် နောင်တပူပန် (စိတ်မော လူမော ဘ၀မော) ဖြစ်ရလိမ့်မယ်။
(ပညာရှိထံ ချဉ်းကပ် နည်းယူ၊ အပျင်းမထူရင် ဘ၀မှာ အဆင်ချော၊ ဘ၀အမော ပြေလိမ့်မယ်)
၁၀။ သူတော်ကောင်းတရား (ငါးပါးသီလ စသည်)ကို မကျင့်သုံးရင် နောင်တပူပန် (စိတ်မော လူမော ဘ၀မော)
ဖြစ်ရလိမ့်မယ်။
(ငါပါးသီလ စတဲ့  သူတော်ကောင်းတရားကို နေ့ စဉ် ကျင့်သုံး လိုက်နာရင် ဘ၀မှာ အဆင်ချော ဘ၀အမော
ပြေလိမ့်မယ်)

 

Comments are closed.