ပါရမီ ဘုန်းတော်ကြီးကျောင်းသည် အများကောင်းကျိုးစီးပွားကို ဆောင်ရွက်နေသော တရားဝင် ပရဟိတ ဗုဒ္ဓဘာသာ အဖွဲ့ အစည်းဖြစ်ပါသည်။ ဗုဒ္ဓဘာသာ စေတနာရှင် အများစု၏ ပစ္စည်းလေးပါး ထောက်ပံ့မှုဖြင့် ထေရ၀ါဒ ရဟန်းသံဃာတော်များက စီမ၊ံ အုပ်ချုပ်၊ ဦးစီး ဆောင်ရွက် နေပါ သည်။
ပါရမီ ဘုန်းတော်ကြီးကျောင်း၏ ဖွဲ့စည်းပုံအခြေခံရည်ရွက်ချက် စည်းမျဉ်း အပိုင်း(၄) (ခ) နှင့်အညီ ဦးဆောင်ညွှန်ကြားရေးမှုးများ၊ အလုပ်အမှုဆောင်နှင့် အဖွဲ့ဝင်များ၊ လှူဒါန်း ကူညီ ထောက်ပံ့သူများသည် ပါရမီ ဘုန်းတော်ကြီးကျောင်း၏ အမည်ကို တိုက်ရိုက်ဖြစ်စေ၊ သွယ် ၀ိုက်၍ဖြစ်စေ နိုင်ငံရေးအတွက်သော်၎င်း၊ ကိုယ်ကျိုးစီးပွား အတွက်သော်၎င်း၊မည်သည့် အခါမျှ အလွဲသုံးစား လုပ်လိမ့်မည် မဟုတ်ပါ၊၊
ပါရမီ ဘုန်းတော်ကြီးကျော
င်းသည် ထေရ၀ါဒ ဗုဒ္ဓဘာသာ၏ အမြင့်မြတ်ဆုံး တန်ဘိုးများနှင့် အညီ နေရာဒေသမရွေး ဘာသာရေးနှင့်နိုင်ငံရေး စည်းခြားထားခြင်းကို ရှင်းလင်း၊ ခိုင်မာစွာ ယုံကြည်သည်။ ပါရမီ ဘုန်းတော်ကြီးကျောင်း၏ အမျိုး၊ ဘာသာ၊ သာသနာ၊ လုပ်ငန်းစဉ်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် အတွက် အောက်ပါ ရည်ရွက်ချက် ငါးမျိုးကိုချမှတ် ထားပါသည်။
- ထေရ၀ါဒ ဗုဒ္ဓသာသနာတော် သန့်ရှင်း၊ တည်တန့်၊ ပြန့်ပွားအောင် ဆောင်ရွက်မည်။
- လူသားများ၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များအတွက် စွမ်းနိုင်သမျှ ကူညီမည်။
- ဗုဒ္ဓဘာသာ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာ များကို အလေးအနက်ထားပြီး ထိန်းသိမ်းမည်။
- ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု လုပ်ငန်းများကို စည်းလုံး ညီညွတ်စွာ ဆောင်ရွက်မည်။
- ဗြဟ္မစိုရ်တရား ပွားများကျင့်သုံးသော၊ လောကလူ့ဘောင် ပေါ်ထွန်းအောင် ဆောင်ရွက်မည်။