ဗုဒံ္ဓသရဏံဂစ္ဆာမိ
        ဓမ္မံသရဏံဂစ္ဆာမိ
       သံဃံသရဏံဂစ္ဆာမိ
  • ဒါန
    ဒါနပါရမီ
    လှူဒါန်း၊ ပေးကမ်း၊ ကူညီ၊ စွန့် ကြဲ၊ ဝေမျှခြင်း။

    DANAPARAMI
    To Do Charity for Perfection. Charity makes the heart soft and gentle.
  • သီလ
    သီလပါရမီ
    အလုပ်နှင့် အပြောမှာ စည်းကမ်းရှိခြင်း။

    SILA PARAMI
    To Maintain Bodily Actions and Verbal Actions Properly. Morality serves as the Foundation for the Development of All Meritorious Deeds.
  • နေက္ခမ္မ
    နေက္ခမ္မပါရမီ
    လွတ်မြောက်အောင် နေထိုင်ကျင့်ကြံခြင်း။

    NEKKHAMMA PARAMI
    1) Strive to Free Oneself from Pain and Suffering.
    2) Strive to Free Oneself from Desire.
  • ပညာ
    ပညာပါရမီ
    အသိဥာဏ်၊ ဗဟုသုတများကို ကြိုးစားရှာဖွေ၊ မှန်ကန်စွာအသုံးချခြင်း။

    PANNA PARAMI
    1) The Knowledge in Arts, Sciences and Philosophy.
    2) The Skills in All Theories and Practices for the Welfare of All Beings.
    3)Great Wisdom And the Ability to Anlayze Between Cause and Effect.
  • ဝီရိယ
    ၀ီရိယပါရမီ
    ရည်မှန်းချက်ကို ခိုင်မြဲသောဇွဲနှင့်အရယူခြင်း။

    VIRIYA PARAMI
    To Strive Diligently to Accomplish Goals.
  • ခန္တီ
    ခန္တီပါရမီ
    သက်ရှိ၊သက်မဲ့များအပေါ် မျှတသောသဘော ထားရှိခြင်း။

    KHANTI PARAMI
    1) One Should Neither Be Elated When Meeting with Pleasant Objects/ Situations Nor Be Upset Or Angry When Encountering Unpleasant Objects/ Situations .
    2) Patience Can Bring the Most Peaceful Victory.
  • သစ္စာ
    သစ္စာပါရမီ
    အပြောမှန်၍ အမှန်ကိုသာ ပြောဆိုခြင်း။

    SACCA PARAMI
    1) To Tell the Truth .
    2) To Abstain From Telling Lies Under Any Circumstance.
  • အဓိဋ္ဌာန
    အဓိဋ္ဌာနပါရမီ
    မနောမှန်၍ အမှန်မနောအတိုင်း ကြံစည်လုပ်ဆောင်ခြင်း။

    ADHITTHANA PARAMI
    The Performance of One’s Intended Task with Firm and Unshakable Determination, No Matter What Difficulties and obstructions One Encounters.
  • မေတ္တာ
    မေတ္တာပါရမီ
    ကောင်းကျိုးစီးပွား ဖြစ်ထွန်းအောင်၊ ကူညီ ဆောင်ရွက်ခြင်း။

    METTA PARAMI
    1) To Develop Friendliness, Accommodativeness and Benevolence.
    2) To Bring the Well Being and Happiness of Others.
  • ဥပေက္ခာ
    ဥပေက္ခာပါရမီ
    မုန်းချစ်မပြု လျစ်လျူရှုနိုင်အောင် ကျင့်သုံးနေထိုင်ခြင်း။

    UPEKKHA PARAMI
    To Maintain a Neutral Attitude Towards Pleasant and Unpleasant Objects and People Without Bias Towards Either Of Them.
ďťż
  • Home မူလစာမျက်နှာ
  • Culture Courses ယဉ်ကျေးလိမ္မာသင်တန်းများ
    • For Children ကလေးများအတွက်
    • For Adults လူကြီးများအတွက်
    • Download Class Notes သင်တန်းမှတ်စု
    • Survey Forms စစ်တမ်းပုံစံ
  • Dhamma ဓမ္မရေးရာ
    • Dhamma Talks ဓမ္မမှတ်စု
    • Buddhism and Children ကလေးအတွေးနှင့်အမေး
  • Current News ပါရမီသတင်း
  • Media Library ပါရမီရုပ်သံကဏ္ဍ
  • Volunteer Services စေတနာ့ဝန်ဆောင်မှုများ
    • Teaching Services သင်ကြားထောက်ကူကုသိုလ်ယူ
    • Catering Services ဧည့်ခံကျွေးမွေးသန့်ရှင်းရေး
  • Organization ပါရမီဖွဲ့စည်းပုံ
  • Contact us ဆက်သွယ်ရန်
  • Download Zawgyi Font
  • Teaching Home စာသင်ကြားရေး မူလစာမျက်နှာ
  • HMS Club Help Myanmar Students

"ပေးဆပ်ခြင်းသည် ပါရမီ"

"စိတ်ကောင်းဓာတ်ခံ၊
ပြုပြောမှန်၊ ဖြည့်ရန် ပါရမီ"

"အမျိုး၊ ဘာသာ၊ သာသနာ
အတွက် စိတ်ထားတူညီ ပါရမီ"

"ပုဂ္ဂိုလ်ရေးမဖက်၊
သာသနာအတွက်၊
တက်ညီလက်ညီ ပါရမီ"

"စည်းလုံးခြင်းအတွက်၊
ရှေ့သို့ဆက်၊
မိတ်ဖက်စုံညီ ပါရမီ"

"ကံ၊ ဥာဏ၊် ၀ီရိယ
အသုံးချ၊ မျှတစုံညီ ပါရမီ"

"အများအကျိုး၊ ရွက်သည်ပိုး၊
တန်ဘိုးမြင့်သည် ပါရမီ"

"လောကဓံလှိုင်း၊
ကြုံလေတိုင်း၊
စိတ်ရိုင်းမသီ ပါရမီ"

"ခုရောနောင်ပါ သံသရာဝယ်၊
မှန်စွာကြီးမား အကျိုးတရား၊
ဖြည့်ထားကြမည် ပါရမီ"

"တစ်စွန်းတစ စွန့်ဝံ့မှလျှင်
ဘ၀နောက်နှောင်း
ဆက်တိုင်းကောင်းလိမ့်"

"ကိုယ့်အကြောင်း ကိုယ်သိ
ကိုယ့်အရှိ ကိုယ်မြင်
ကိုယ့်ဘ၀ကို ကိုယ်ပြုပြင်"

"အဘိက္ကမ-ရှေ့ သို့ တက်လော့
မာပဋိက္ကမ-နောက် မဆုတ်နဲ့"

"ဗုဒ္ဒေ္ဓါ ဗောဓေယျံ-ငါသိသလို
သင်လည်း သိစေရမည်။"

"မုတ္တော မောစေယျံ-
ငါလွတ်မြောက်သလို
သင်လည်း လွတ်မြောက်စေရမည်။"

"တိဏ္ဏော တာရေယျံ-
ငါကျော်ဖြတ်နိုင်သလို
သင်လည်း
ကျော်ဖြတ်နိုင် စေရမည်။"

"တည်တံ့သော စိတ်လည်းမရှိ၊
သူတော်ကောင်းတရား ကိုလည်းမသိ၊
ယုံကြည်ခြင်းတည်းဟူသော သဒ္ဓါတရားလည်း မခိုင်မာသောသူမှာ
လောကီ လောကုတ္တရာပညာ မပြည့်စုံလေ။"
(ဓမ္မပဒ-၃၈)

"Wisdom never
becomes perfect in one
whose mind is not steadfast,
who knows not
the Good Teaching and
whose faith wavers."
(Dhammapada-38)

"ဘ၀ အားမာန်"
* တိမ်တိုက်မိုးပြင်၊
ထက်ကောင်းကင်က၊
ငှက်တွင်ကြီးခြင်း၊
ခွန်အားပြင်းသား၊
ငှက်မင်းမြတ်စွာ၊
ဂဠုန်သာလျှင်၊
ပျံရာသလော။
* ငယ်မောစွာလျက်၊
နှံစုတ်ငှက်လည်း
အထက်လေကြောင်း၊
ပျံပါကောင်း၏။
(ရှင်တေဇောသာရ)

"အသိမပါရင် အထိနာတယ်၊
ပါရမီ နည်းသေးလို့ ပါ"

"အသိပါရင် အထိမနာဘူး၊
ပါရမီ ရင့်လာလို့ ပါ"

"မြတ်သော ပေးဆပ်ခြင်းမှ
ရလာတဲ့ ပီတိဟာ ပါရမီ"

"ပုဂ္ဂိုလ်ရေးသက်သက်ကို
ဦးတည်ခြင်းဟာ
ပါရမီမဟုတ်"

"လောကရေးကို
ဦးတည်ခြင်းဟာ ပါရမီ"

"အလုပ်ကို အမြင်မှန်ဖြင့်
ပြုခြင်းဟာ ပါရမီ"

"လူကို ဗဟိုရ်ပြုပြီး
အလုပ်မှန်ခြင်းဟာ ပါရမီ"

"နောင်တဆယ်ပါး တရားကဗျာ"

၁။ ငယ်ခါကလျှင် မသင်ပညာ
၂။ ဥစ္စာ မစု
၃။ သူ့ ကို ချစ်ဖျက်
၎။ သူ့ သက် သတ်စား
၅။ သူ့ မယား၌ ပြစ်မှားတုံဘိ
၆။ ပစ္စည်းရှိလျှက် စိုးစိမလှူ
၇။ မွေးမြူမိဘ မပြုရနှင့်
၈။ ဆုံးမ မနာ
၉။ ပညာရှိထံ နည်းခံမမှတ်
၁၀။ အမြတ်မကျင့်

ဤဆယ်ဆင့်ကား
ကြီးရင့်ဇရာ အိုသောခါလျှင်
ပူဆာနောင်တ ရတတ်စွ။
(မာန်လည် ဆရာတော် ဘုရားကြီး၏ မဃဒေ၀ လင်္ကာ-၃၂၁)




<bgsound src="upload/media/audios/Au-Ka-Tha-Elder Kid-30May10.mp3" loop="1">

ပါရမီသတင်း (Current News)


ďťż
previous tip pause tip next tip

ပါရမီဘုန်းတော်ကြီးကျောင်း ရနပ်ုေံ ငွ ဈေးရောင်း ပွဲတော်

ပါရမီ ဘုန်းတော်ကြီးကျောင်းသစ် (တိုးချဲ့)အတွက် ရန်ပုံငွေ ဈေးရောင်းပွဲတော်ကို အောက်တိုဘာလ ၂၅ ရက်၊ ၂၀၁၅ ခုနှစ်၊ တနင်္ဂနွေနေ့တွင် ပါရမီဘုန်းတော်ကြီးကျောင်းဝန်းအတွင်းတွင် ကျင်းပပြုလုပ်ပါမည်။ မြန်မာဟင်းမျိုးစုံ၊ ရိုးရာ မုန့်မျိုး စုံနှင့် အစားအစာများကို တည်ခင်း ရောင်းချမည်ဖြစ်ရာ၊ မြန်မာ အစားအစာများကို ဝယ်ယူသုံးဆောင်ခြင်းဖြင့် သာသနာ တော်ကို ပူဇော် ထောက်ပံ့နိုင်ရန် ခင်မင်ရင်းနှီးစွာ ဖိတ်ကြားအပ်ပါသည်။
အသေးစိတ်များကို ဤနေရာမှာ ကြည့်ရှုပါ။
ကံစမ်းမဲ အစီအစဉ်ကို ဤနေရာမှာ ကြည့်ရှုပါ။

ကျင်းပမည့်နေရာ၊ 1842 Valinda Ave, La Puente, CA 91744
အချိန်၊ အောက်တိုဘာလ ၂၅ ရက်၊ ၂၀၁၅ (တနင်္ဂနွေနေ့)။
ကျင်းပမည့်အချိန် ၊ နံနက် ၁၀ နာရီ မှ မွန်းလွဲ ၁ နာရီအထိ။

မြန်မာလူမှု အသိုင်းအဝန်းအား ကျေးဇူးတင်ြခင်း နှင့် ဝမ်းသာစရာ သတင်း

(က) ပါရမီ ဘုန်းတော်ကြီးကျောင်းနှင့် ဘေးချင်းကပ်လျှက် ခြံဝန်းကို ၉-၂၅-၂၀၁၅ နေ့ တွင် မြနမ်ာတို့ ၏ စုပေါင်း စွမ်းအားဖြင့် ဝယ်ယူရရှိခဲ့ပါပြီ။ ခြံအမှတ် 1848 Valinda Ave, La Puente, CA 91744 ဖြစ်ပါသည်။
(ခ) စုစုပေါင်း တန်ဖိုး ယူအက်စ် ဒေါ်လာ (၆) သိန်း (၃)သောင်းပေးရပါသည်။ ခေါ်ဈေး (၇) သိန်းဖြစ်ပါသည်။
(ဂ) မြန်မာအလှူရှင်များ၏ စုစုပေါင်း အလှူငွေသည် ၂၀၁၅ မတ်လမှ ၂၀၁၅ စက်တင်ဘာလ တတိယပတ်အထိ ယူအက်စ် ဒေါ်လာ တစ်သိန်း၊ တစ်သောင်း ဝန်းကျင် ဖြစ်ပါသည်။
(ဃ) ယခင်ခြံဝန်း တန်ဖိုး ပေးဆပ်ရန် တစ်သိန်းခွဲ ကျန်ရှိနေသောကြာင့် ၄ ရာခိုင်နှုန်း အတိုးပေး၍ စေတနာရှင် (၂) ဦးထံမှ စုစုပေါင်း ဒေါ်လာ (၆)သိန်းကို ( ၃) နှစ် စာချုပ်၊ ငါးနှစ် စာချုပ်များဖြင့် ခေတ္တ ချေးငှားသုံးစွဲခဲ့ရပါသည်။ အတိုးမယူသော (၃) သောင်း အလှူရှင်တစ်ဦးလည်း ပါဝင်ပါသည်။
(င)အရှိန်ရနေသော ဘာသာ-သာသနာ ယဉ်ကျေးလိမ္မာ လုပ်ငန်းစဉ်များ အောင်မြင်ရန်၊ယခင်ကလိုပင် နည်း-များမဆို ကုသိုလ်ပါဝင် အားတက်သရော ဆက်လက် လှူဒါန်းကြပါရန်လည်း မေတ္တာရပ်ခံပါသည်။

အသေးစိတ်များကို ဤနေရာမှာ ကြည့်ရှုပါ။

ဗုဒ္ဓဘာသာဝင်အပေါင်း သူတော်ကောင်းတို့အား မေတ္တာရပ်ခံခြင်း
(အပိုင်း ၁)

၁။ ပါရမီ ဘုန်းတော်ကြီးကျောင်း၌ တိုးတက်များပြားလာသော ကျောင်းသူ-ကျောင်းသားဦးရေနှင့် လူကြီး-မိဘ-ဘာသာဝင်များ၊ ဧည့်သည်များ အတွက် နေရာ-ထိုင်ခင်း...စသည့် အခက်အခဲများနှင့် ကြုံတွေ့ နေရပါသည်။

၂။ ဤကဲ့သို့  နေရာအခက်အခဲ ရှိနေစဉ်ဝယ်၊ ပါရမီ ဘုန်းတော်ကြီးကျောင်းနှင့် ကပ်လျက်ရှိသော အိမ်ပိုင်ရှင် မိသားစုသည် ပါရမီ ဘုန်းတော်ကြီးကျောင်းအား ဦးစားပေးအဖြစ်၊ ၄င်းတို့၏ အိမ်ကို ခုနစ်သိန်း (၇၀၀,၀၀၀)ခန့်  နှင့် ရောင်းချရန် ကမ်းလှမ်းလျက်ရှိပါသည်။

၃။ ထိုအခွင့်အရေးကို လက်လွတ်သွားခဲ့လျှင်...
(က) လက်ရှိ အခြေအနေထက်ပင် နေရာ အခက်အခဲများနှင့် ပိုမို ရင်ဆိုင်ကြုံတွေ့လာနိုင်ပါသည်။
(ခ)အရှိန်ရ နေပြီဖြစ်သော ယဉ်ကျေးလိမ္မာ သင်တန်းဆောက်ရွက်ချက်များအား ကြီးမားစွာ ထိခိုက်ပါတော့မည်။
(ဂ) အခြားသူ ဝယ်ယူခဲ့လျှင် လက်ရှိလုပ်ငန်းများကို ရပ်တန့် ပေးရသည်အထိ ဖြစ်လာပါတော့မည်။

၎။ ထို့ ကြောင့် ....
(က) ကျရောက် လာနိုင်ခြေ ရှိနေသော ဘေးအန္တရာယ်များကို ကာကွယ် တားဆီးနိုင်ရန်၊
(ခ) ဘာသာ-သာသနာ-ယဉ်ကျေးလိမ္မာ လုပ်ငန်းစဉ်များကို ရေရှည် ဆောင်ရွက်နိုင်ရန်နှင့်
(ဂ) လူငယ်များ၏ အနာဂတ်အတွက် ထေရဝါဒ အုတ်မြစ်ကို ခိုင်မာစွာ ချထားပေးနိုင်ရန် ရေရှည်မျှော်မှန်း၍၊ ရောင်းချရန် ကမ်းလှမ်းလာခြင်းကို ဝယ်ယူနိုင်ရန် (၀၂-၂၂-၂၀၁၅) နေ့တွင် စည်းဝေး ညှိနှိုင်းခဲ့ ကြပါသည်။

အသေးစိတ်များကို ဤနေရာမှာ ကြည့်ရှုပါ။

ဗုဒ္ဓဘာသာဝင်အပေါင်း သူတော်ကောင်းတို့အား မေတ္တာရပ်ခံခြင်း
(အပိုင်း ၂)

၅။ ထို့ ကြောင့် လက်ရှိ မိသားစုဦးရေ (၅၂၅) ဦးကို အခြေခံ၍ ဖြစ်နိုင်ခြေများကို တွက်ချက် ကြည့်ရာတွင်....
(က) မိသားစု တစ်စုလျှင် ယူအက်စ်ဒေါ်လာ တစ်ထောင်နှင့် အထက်ကို လှူဒါန်းနိုင်ခဲ့ကြလျှင် ဖြစ်စေ...
(ခ)တစ်ထောင်နှင့်အထက်ကို အတိုးနှုံးမယူဘဲ ဆယ်နှစ်အထိ ခေတ္တစိုက်ထုတ် ပေးထားနိုင်ခဲ့လျှင် ဖြစ်စေ အခက်အခဲများကို ကျော်လွှားနိုင်ပြီး ဘာသာ သာသနာ လုပ်ငန်းများကို စိတ်ချမ်းသာစွာ အတူတကွ ဆက်လက် ဆောင်ရွက် နိုင်မည် ဖြစ်ပါ၍ စေတနာရှင် မိသားစုများ အားလုံး ၀ိုင်းဝန်းကူညီ စဉ်းစားပြီး မတ်လ (၂၇) ရက်နေ့  အမီ မိမိတို့ တတ်စွမ်းသမျှ ပါဝင် လှူဒါန်းကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဆက်သွယ် လှူဒါန်းရန်။ အရှင်ပညာဒီပ (626) 975-3660
ဒေါက်တာ အောင်ကျော်ဇင် ( 626) 429-1330/ ဒေါက်တာ မင်းလွင် (626) 203-2564
ဒေါက်တာ အေးအေးသန့် (626) 590-3518/ ဒေါက်တာညိမ်းဝင်း ( 626) 461-4770)
မစန္ဒရာချူး (415) 265-4565

အသေးစိတ်များကို ဤနေရာမှာ ကြည့်ရှုပါ။

ကျေးဇူးတင်၊ အသိပေး၊ တိုက်တွန်း နှိုးဆော်လွှာ(အပိုင်း ၁)

ပါရမီ၏ သမိုင်းအကျဉ်းနှင့် လုပ်ငန်းစဉ်များ

ပါရမီ ဘုန်းတော်ကြီးကျောင်းကို မြန်မာသက္ကရာဇ် ၁၃၆၇ ခုနှစ်၊ (၂၀၀၅) တွင် တရားဝင် ဖွဲ့ စည်း တည် ထောင်ခဲ့ပါသည်။ သာသနာ၊ ဘာသာ ၊ လူငယ်ယဉ်ကျေးမှု လုပ်ငန်းများကိုလည်း အစဉ်မပျက် ဆောင်ရွက် လျက်ရှိနေပါသည်။ ကျောင်းသား၊ ကျောင်းသူ၊ ကလေးသူငယ် အရေအတွက်လည်း တိုးတက် များပြား လာခဲ့ ပါသည်။ ရရှိလာသော အရေအတွက်ကို အရည်အချင်းသို့  ကူးပြောင်းပေးနိုင်ရန် အတွက် စေတနာ့ ဝန်ထမ်းများ ကလည်း အချိန်အား၊ လူအင်အား၊ အကြံဥာဏ်အားတို့ ဖြင့် ပုံမှန် ကူညီ ဆောင်ရွက်လျက် ရှိနေကြပါသည်။ တိုး တက် များပြားလာနေသော ကျောင်းသားလူငယ် ဦးရေနှင့် နေရာ အခက်အခဲကြောင့်၂၀၁၀ ခုနှစ်၊ သြဂုတ်လ တွင် နေရာအဟောင်း (Rosemead)မှ နေရာအသစ် (La Puente )သို့  ပြောင်းရွှေ့ကာ မြန်မာ ဗုဒ္ဓဘာသာ အသိုင်းအ၀န်း (Myanmar Buddhist Community)၏ အဖွဲ့ အစည်းပိုင် ကျောင်းကို ဝယ်ယူခဲ့ပါသည်။

အသေးစိတ်များကို ဤနေရာမှာ ကြည့်ရှုပါ။

ကျေးဇူးတင်၊ အသိပေး၊ တိုက်တွန်း နှိုးဆော်လွှာ (အပိုင်း ၂)

ပါရမီ၏ သုံးနှစ်ပြည့်လာ ဤအချိန်ခါ

ပါရမီ ဘုန်းတော်ကြီးကျောင်းကို မြန်မာဗုဒ္ဓဘာသာ အသိုင်းအဝန်း (Myanmar Buddhist Community)၏ ပါရမီ ဗုဒ္ဓဝိဟာရ အဖွဲ့အစည်းပိုင်နာမည်ဖြင့် ဝယ်ယူခဲ့ပြီးနောက် သုံးနှစ်တာ (၂၀၁၀ မှ ၂၀၁၃) ကာလအတွင်း ဒေါ်လာသုံးသိန်း ပေးဆပ်ရန် ကျန်ရှိခဲ့ပါသည်။

မြန်မာဗုဒ္ဓဘာသာ အသိုင်းအဝန်း၏ ရက်ရောသော သဒ္ဓါ၊ ဖြူစင်လှသော စေတနာတို့ဖြင့် ပါဝင်လှူဒါန်းခဲ့ မှုများကြောင့် ယခုအခါ (၂၀၁၃) မူလ မ-တည် အလှူရှင်များထံ ဒေါ်လာတစ်သိန်းခွဲ ကို ပါရမီက ပြန်လည် ပေး-ချေ နိုင်ခဲ့ပါသည်။ ဆက်လက် ပေးဆပ်ရန် ကျန်ရှိနေသော ဒေါ်လာမှာ တစ်သိန်းခွဲ ဖြစ်ပါသည်။ ပါရမီ အလုပ်အမှုဆောင်အဖွဲ့ လူကြီးများ၏ မေတ္တာရပ်ခံချက်အရ၊ မူလ မ-တည် အလှူရှင်များက ထိုလိုအပ် နေသော ဒေါ်လာတစ်သိန်းခွဲ အတွက် အချိန်ကို နောက်ထပ် သုံးနှစ် (၂၀၁၃ မှ ၂၀၁၆) အထိ စောင့်ဆိုင်းပေးရန် ရက်ရော ပျူငှာစွာ သဘောတူခွင့်ပြုခဲ့ ကြပါသည်။ အသေးစိတ်များကို ဤနေရာမှာ ကြည့်ရှုပါ။

ကျေးဇူးတင်၊ အသိပေး၊ တိုက်တွန်း နှိုးဆော်လွှာ (အပိုင်း ၃)

ပါရမီမှ ကျေးဇူးတင်၊ တိုက်တွန်း နှိုးဆော်လွှာ

သို့ ဖြစ်ပါ၍ အမျိုး၊ ဘာသာ၊ သာသနာ၊ လူငယ်ယဉ်ကျေးမှု အခြေပြု လုပ်ငန်းများကို အရှိန်အဟုန် မပျက် ဆောင်ရွက်နိုင်ရန်အတွက်၊ စေတနာမပျက် သဒ္ဓါလက်ဖြင့်၊ အားကျိုးမာန်တက်၊ မိမိတို့  စွမ်းနိုင်သမျှ၊ ဆက်လက် ပါဝင် လှူဒါန်းကြပါရန်၊ မြန်မာ ဗုဒ္ဓဘာသာ မိသားစုများနှင့် စေတနာရှင် အပေါင်းတို့ အား မေတ္တာရပ်ခံ၊ အသိပေး၊ တိုက်တွန်း၊ နှိုးဆော်အပ်ပါသည်။ အလှူငွေများကို စနစ်တကျ စာရင်းပြုစု၍ ကျောင်း အလှူရှင်များအား(Tax Deductible) ဖြတ်ပိုင်းများကို ပြည်လည် ပေးအပ်ပါသည်။ ချက်လက်မှတ် ဖြစ်ပါက (Parami Buddha Vihara) ဟု ရေးသားရန် မေတ္တာရပ်ခံပါသည်။

အသေးစိတ်များကို ဤနေရာမှာ ကြည့်ရှုပါ။

ဘုတ်အဖွဲ့ နှင့် အမှုဆောင် ကော်မတီ
ပါရမီ ဘုန်းတော်ကြီးကျောင်း၊ လာ ပွန်းတီမြို့ 

In the Myanmar solar-lunar calendar, Nayonela is the 3rd month which is symbolized as the Month of Peace as it is the month in which farmers avoided Wars for Water, respective kingdoms of farmers made Peace Accord, dragons and Garuda birds had Metta to each other, five hundred men were fully ordained as Buddhist monks, and women got windows of the opportunity for their independence and freedom under the teachings of the Buddha.

In honoring this noble tradition in Buddhism, Parami Buddha Vihara is pleased to invite all of you with your families and friends to participate in this joyous and meritorious event on Sunday, 14 June 2015.
Download the invitation letter here.

Place: 1842 Valinda Ave, La Puente, CA 91744
Time & Date: 10:00 a.m. to 1:00 p.m. on Sunday, October 13, 2013
Dhamma Talks: 9:30am to 10:00am
Main Dishes:Rice, Stewed Pork, Prawn, Sweet and Sour Chicken, Fried Catfish, Spicy Fried Peanut, Sour Kangkong Soup, Shwe Yin Aye & Mote Let Saung drink, Sanoonmakin, dessert and fruit
Donors: Michael Tsai + Ma Nilar မိသားစု၊ Tin Mg Lwin + Thidar Kyi မိသားစု၊ Thun Lwin + Thandar Oo မိသားစု၊ ShunLi Cai + Thandar Lynn မိသားစု၊ Teddie + San San မိသားစု။

Parami Buddha Vihara is a non profit organization to promote and propagate Theravada Buddhism in USA. We found a new place in La Puente, California. Starting from November 2010, all the classes and events will be held at the new place. We need your continued support and contributions for the transition in various aspects.

If you are interested in contributing, you can either volunteer or make financial contributions. You can call us (626)919-3806 or email us paramiusa@gmail.com to vlounteer or make financial contributions. We thank you for your generous contributions and active participations.








































 

                                                                                                  Powered by Kutho Seekers                                                                   Contact Webmaster